ကျွန်တော်တို့အနေနဲ့ Teamviewer ကိုဘယ်လိုနေရာတွေမှာ
သုံးသလဲကြည့်ရအောင် .. တစ်နေရာနဲ့တစ်နေရာ
အလှမ်းကွာဝေးတဲ့နေရာ မှာရှိတဲ့ကွန်ပျူတာတစ်လုံးကို ဒီကနေလှမ်းပြီး
အကူအညီပေးလို့ရသလို .. သင်တန်းသဘောမျိုးလဲ
သင်ပေးလို့ရပါတယ် .. နောက်တစ်ခုက လုံခြုံမှု .. logmein မှာ
password ကိုသိထားရင် နောက်တစ်ခါပြန်ဝင်လို့ရနိုင်ပါတ ယ် .
ဒါပေမယ့် Teamviewer မှာတော့ မဟုတ်ပါဘူး .. ကွန်ပျူတာ
အသုံးပြုနည်းလေးပြောပြပါမယ် လိုက်လုပ်ကြည့်လိုက်ပါ ဒီလိုပါ ဒေါင်းလုပ်ရရှိလာတဲ့ TeamViewer software ကို Install လုပ်လိုက်ပါ။ ပထမဦးဆုံး Next ဆိုတာကိုရွေးပါ ပြီးတာနဲ့ ဒါကောင်ကိုဘယ်လိုနေရာမှာသုံးချင်လဲဆိုတာမေးလာမယ် personal/ non-commercial use ဆိုပြီးတော့ကျတော်ကရွေးထားတယ် ပြီးရင်တော့ Next ကိုဆက်နှိပ်လိုက်ပါ။နောက်ထပ် သဘောတူညီကြောင်း လက်ခံကြောင်း I accept and I agree တို့ဘေးတွင် အမှတ်ခြစ်ပေးပြီး Next ကိုနှိပ်လိုက်ပါ နောက်ဆုံး Finish ဆိုတာကိုရွေးပေးလိုက်ပါ ဒါဆို Install လုပ်တဲ့အပိုင်းပြီးဆုံးပါပြီ။ထိုနည်းတူပဲ တစ်ခြား Desktop ကိုကြည့်ချင်တယ်ဆို အဲဒီစက်မှာလည်း ယခုလို install လုပ်ပေးထားပါ။ပြီးသွားပြီဆိုရင် အသုံးပြီးနည်းပြောပြပါမယ်။
(၁) install လုပ်ထားတဲ့ စက်နှစ်စက်လုံးရဲ့ Desktop မှာပေါ်နေတဲ့ TeamViewer ကိုဖွင့်လိုက်ပါ
(၂) Your Id / Password ဆိုတာတွေကိုတွေ့မြင်နေရပါမယ်
(၃) ကိုကတစ်ခြားစက်ကိုကြည်ချင်တယ်ဆို တစ်ခြားစက်ရဲ့ Your ID ကို မိမိစက် Patner ID မှာထည့်ရန်
(၄) conect to partner ရွေးပေးပါ
(၅) password တောင်းလာပါမယ် ...တစ်ခြားစက်ရဲ့ password ကိုထည့်ပြီး Login နှိပ်လိုက်ပါ
ဒါဆိုတစ်ခြားစက်မှာရှိသမျှကိုကလိလို့ရပါပြီဗျာ...
မှတ်ချက် တစ်ခြားစက်ကလက်ခံမှသာအသုံးပြုလို့ရပါမည်။
Teamviewer ကို Download လုပ်ပါ ..