C8816D Root လုပ်နည်း နှင့် မြန်မာ Font သွင်းခြင်း

0
C8816D ကို Root လုပ်ချင်နေသူများအတွက် တင်ပေးလိုက်ပါတယ် … စာရေးသူကိုတိုင် တိုင်ပတ်ခဲ့ဘူးပါတယ် … vRoot နဲ့လဲ Root ဖောက်လို့မရ … Network Lock ကျနဲ့ အမျိုးမျိုး အခတ်အခဲတွေ တွေ့ခဲ့ဘူးပါတယ် … ယခုအခါမှာတော့ Rooting လုပ်နိုင်ပါပြီခဗျာ …
အရင်ဦးဆုံး … Root လုပ်ဖို့ အတွက် လိုအပ်ချက်တွေ ဒေါင်းလုပ်ရယူပါခဗျာ …


C8816D Root
HW-QmOneKeyTool
UniversalAdbDriver
BusyBox Pro
Z.F.C Zawgyi Font Changer
Bagan Keyboard
၁။ Universal ADB Driver ကို PC တွင် Install ပြုလုပ်ပါ။
၂။ ဒီ Link ကို အရင်သွားပြီး Bootloader Unlock Code တောင်းရပါလိမ့်မယ် … Original Web ဖြစ်သည့်အတွက် တရုပ်စာတွေပဲပေါ်နေလျှင် ဘာဖြည့်ရမှန်းမသိမှာစိုးလို့ … အောက်က ပုံလေးကြည့်ပြီး ဖြေဆိုပေးလိုက်ပါ … Unlock Code ကို ချက်ချင်းတောင်း ချက်ချင်းရပါတယ် … ၂ ရက် ၃ ရက် စောင့်စရာမလိုပါဘူးခဗျာ … ရလာတဲ့ Code ကိုမှတ်ထားပါခဗျာ …
၃။ ဖုန်းတွင် usb debugging တို့ Unknow source တို့ကို On ထားပေးပါ …
 
 ၄။ Bootloader unlock လုပ်ရန် ဒေါင်းထားတဲ့ HW-QmOneKeyTool exe file လေးကို ဖွင့်ပါ။
၅။ ပြီးရင် မိမိ C8816D ကို fastboot mode ထဲဝင်ပါ။ (fastboot ထဲဝင်ရန် ဖုန်းကို Power ပိတ်ပါ။ ပြီးလျှင် Power + Volume down ကိုဖိထားပါ)
၆။ Fastboot ထဲဝင်ပြီဆိုပါက device ကို USB Cable ဖြင့် HW-QmOneKeyTool exe run သည့် PC နှင့်ချိတ်ဆက်ပါ။
၇။ ထိုအခါ PC မှာ run ထားတဲ့ HW-QmOneKeyTool မှ Bootloader ကို တစ်ချက်နှိပ်ပါ။ Box တစ်ခုထပ်မံမြင်တွေ့ရပါလိမ့်မည်။ OK ကို ရွေးပေးလိုက်ပါ။
၈။ Box လေးတစ်ခု ထပ်မံကြလာပါလိမ့်မည်။ ထိုအခါ Bootloader Unlock Code တောင်းတုန်းက သူပေးတဲ့ Code ကိုထည့်ပေးပြီး Enter နှိပ်လိုက်ပါ။ ထိုအခါ ဖုန်းမှာ Rebbot ကျပြီး Battery အားသွင်းတဲ့ ပုံလေးပြနေခြင်း မြင်တွေ့ရမည်။ PC နှင့် ချိတ်ဆက်ထားသော USB ကြိုးကို ဖြုတ်ပြီး Battery ကို ပါ ဖြုတ်ပါ။ စက္ကန့် ၃၀ လောက်ထားပြီး Battery ပြန်တက်ပြီး power ပြန်ဖွင့်လိုက်ပါ။
၉။ ဖုန်းနှင့် PC ကို USB ဖြင့် ထပ်မံချိတ်ဆက်ပါ။
၁၀။ Download လုပ်ထားတဲ C886D zip ဖိုင်ကို ဖြည်ပြီး ရလာတဲ့ Folder ထဲက root.cmd file ကိုဖွင့်ပါ … ဖွင့်လိုက်သည်နှင့် Auto အလုပ်လုပ်ပေးနေပါလိမ့်မည်။ ပြီးဆုံးပါက Enter နှိပ်ပေးလိုက်ပါ။ ဖုန်း Reboot ကြသွားပါလိမ့်မည်။ ဖုန်းပြန်တက်လာလျှင် Root လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးပါပြီ …
၁၁။ ဖုန်းတွင် Busybox APK ကိုသွင်းပါ။ ပြီးလျှင် Busybox ကိုဖွင့်ပြီး Insatall ကိုနှိပ်ပါ။ Box တစ်ခုကြလာပါလိမ့်မည်။ Smart install ကိုရွေးချယ်ပေးပါ။
၁၂။ ပြီးလျှင် Z.F.C Zawgyi Font Changer APK ကို ဖုန်းတွင် ထပ်မံ Install လုပ်ပါ။ ပြီးလျှင် ဖွင့်ပါ။ Root ရှီပြီ၊ Superuser request ရှီပြီ၊ Busybox ရှီပြီ အချက်အလက်များ မြင်တွေ့ရင်လျှင် Install Zawgyi ကိုနှိပ်ပါ။ ပြီးက ဖုန်း Reboot ကြသွားပါလိမ့်မည်။ ဖုန်းပြန်တက်လာလျှင် မြန်မာ Font ကိုမြင်တွေ့နိုင်ပါပြီ။
၁၃။ Bagan Keyboard ကို install လုပ်ပြီး Keyboard တွင် မြန်မာ Font ရိုက်နှိပ်နိုင်ပါပြီခဗျာ ….
အဆင်ပြေစွာကြပါစေဗျာ

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

မန်ဘာဝင်ရန် လေးစားလျှက်

buttons=(Accept !) days=(20)

Our website uses cookies to enhance your experience. Learn More
Accept !