Coolpad 5109 Root ပြုလုပ်ခြင်းနှင့် မြန်မာ Font မြန်မာ Keyboard ထည့်သွင်းခြင်း

0
Coolpad 5109 Root ရန်အတွက်လိုအပ် Software များ အရင် ဒေါင်းလုပ်ရယူပါ …
Root Software – VRoot
Mobile USB Driver – Coolpad 5109 Driver
Root Require – Busybox
ZawGyi Changer – Z.F.C
Keyboard – Bagan Keyboard
Download လုပ်ခြင်းများပြီးဆုံးပါက
၁။ vRoot ကို မိမိ ကွန်ပြူတာတွင် Install ပြုလုပ်ပါ … ပြီးလျှင် vRoot ကိုဖွင့်ပါ … ပြီးရင် Mobile USB Driver ကို Install လုပ်ပါ။


၂။ မိမိ Coolpad 5109 ၏ Setting မှ Application ထဲဝင်ပြီး Unknown sources ကို On ပါ။ ပြီးလျှင် Development ထဲသွားပြီး USB debugging ကို On ပေးပါ။
၃။ ပြီးလျှင် ဖုန်း ကို မီမီ ကွန်ပြူတာ နှင့် USB Data Cable ဖြင့် ချိတ်ဆက်ပါ။
၎။ ပြီးလျှင် vRoot မှာ Root ကိုနှိပ်ပါ … Root ပြီးစီးပါက ဖုန်း reboot ကြသွားပါလိမ့်မည်။ Reboot ကြပြီး ဖုန်း ပြန်ပွင့်လာလျှင် Coolpad 5109 Root လုပ်ခြင်း အောင်မြင်စွာပြီးဆုံးပါပြီ။
၎။ ဖုန်းတွင် Busybox ကို install ပြုလုပ်ပါ။ ပြီးလျှင် Busybox ကိုဖွင့်ပါ။ ခဏစောင့်ပါ … Data များ install လုပ်နေပါလိမ့်မည်။ ပြီးက Install ကိုနှိပ်ပါ။ box တစ်ခု ကြလာပါလိမ့်မည် …. Normal Install နှင့် Smart Install ၂ ခုပေါ်လာပြီး ရွှေးချယ်ခိုင်းပါလိမ့်မည်။ Smart Install ကိုရွှေးချယ်ပေးလိုက်ပါ။
၅။ ပြီးလျှင် Zawgyi Font Changer ကို မိမိ ဖုန်းတွင် install ပြုလုပ်ပါ။ ပြီးလျှင်ဖွင့်ပါ။ Root ရှီပြီ Superuser request ထောက်ခံချက်ရရှီပြီ Busybox ရှီပြီဆိုလျှင် Install Zawgyi ကိုနှိပ်ပြီး Zawgyi font ကို install ပြုလုပ်ပါ … ဖုန်းသည် ခဏအကြာတွင် Reboot ကြသွားပါလိမ့်မည်။ အကယ်၍ Reboot မကြလျှင် … မိမိ ကိုယ်တိုင် Reboot ချပေးလိုက်ပါ … ဖုန်း Reboot ချပြီးပြန်တက်လာလျှင် မြန်မာစာ ကိုကောင်းမွန်စာ မြင်တွေ့နိုင်ပါပြီ။
၆။ ထို့နောက် … မိမိ ဖုန်းတွင် Bagan Keyboard ကို install ပြုလုပ်ပါ။ စာရိုက်ရာတွင် အသုံးပြုရန်ဖြစ်ပါသည်။ ပြီးလျှင် Bagan Keyboard Setting ထဲဝင်ပါ။ Step 1 – Enable Bagan Keyboard ကိုသွားပါ။ Enable Bagan Keyboard ထဲသို့ဆက်ဝင်ပါ။ Bagan Keyboard မှာ အမှန်ချစ်လေး ချစ်ပေးလိုက်ပြီ။ ပြီးလျှင် Back key နှိပ်ပြီး Bagan Keyboard Setting ကိုပြန်သွားပါ … Step – 2 Switch to Bagan Keyboard ထဲဝင်ပါ … Box တစ်ခုပေါ်လာလျှင် Bagan Keyboard ကိုရွေးချယ်ပေးလိုက်ပါ … ထိုအခါ မြန်မာစာ ကို မြင်ရယုံသာမက keyboard ကို လဲ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ် … ( အားနည်းချက်တစ်ခုက – ဖုန်းကို Reboot ချပြီးတိုင်း ယခုအဆင့် ၆ မှ Step – 2 ကို ပြန်လုပ် လုပ်ဆောင်ပေးရမည်ဖြစ်ပါသည်)
အဘယ်ကြောင့် Bagan Keyboard ကို အသုံးပြုရခြင်းမှာ Keyboard ပြောင်းလဲအသုံးပြုရန် Choose input Method မပါဝင်သောကြောင့်ဖြစ်ပါသည်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

မန်ဘာဝင်ရန် လေးစားလျှက်

buttons=(Accept !) days=(20)

Our website uses cookies to enhance your experience. Learn More
Accept !