ထူးအယ်လင်းနဲ့ ကွာရှင်းခွင့် ရပြီး မီးမီးခဲ ဘာ ပြောလဲ

0
အဆိုတော် လောကမှာ ထူးအယ်လင်းနဲ့ မီးမီးခဲဆိုတာ ပရိသတ်တွေ သိတဲ့အတိုင်း အရမ်းချစ်ကြတဲ့ စုံတွဲ လို့ ပြောစမှတ်ရှိခဲ့ကြပေမယ့် မကြာသေးခင်ကပဲ မီးမီးခဲက တရားရုံးမှာ ကွာရှင်းခွင့်နဲ့ ၂ ဦးပိုင် ပစ္စည်းတွေ ခွဲဝေ ပေး စေလိုမှု လျှောက်ထားတဲ့ အမှုက အနိုင်ရသွားခဲ့ပါပြီ။ 


 ဒီလိုတရားရုံးမှာ အနိုင်ရခဲ့ပေမယ့် မီးမီးခဲက အရမ်းနာကျင်ပင်ပန်းနေတဲ့ကြားထဲ လူတွေက သူ့ကို နာရီဝက် တခါ ဖုန်းဆက်နေတာတွေအပေါ် သူက အတော်စိတ်ပျက်နေပုံရပါတယ်။

မီးမီးခဲဟာ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်ကတည်းက လင်မယား ကွာရှင်းခွင့်ကို တရားရုံး မှာ ဦးတိုက်လျှောက် ထားခဲ့တာကို ပြီးခဲ့တဲ့ ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးက ဧပြီလ ၃၀ ရက်နေ့မှာ တရားဝင် ကွာရှင်း ခွင့် ပြုလိုက်တာဖြစ်ပါတယ်။ 

မီးမီးခဲနဲ့ ထူးအယ်လင်းတို့ ပေါင်းသင်းနေထိုင်ခဲ့ကြစဉ်မှာ သမီး တဦးထွန်းကားခဲ့ပါတယ်။ အခုတော့ သမီးဖြစ်သူ ဘာဘီဟာ မီးမီးခဲနဲ့ အတူရှိနေပါတယ်။ 

အခုလို အဆိုတော် မီးမီးခဲနဲ့ အဆိုတော် ထူးအယ်လင်းတို့ရဲ့ တရားဝင်ကွာရှင်းခွင့် ရပြီဆိုတော့ လူတွေက ဘာ ကြောင့်၊ ဘယ်လိုဖြစ်ကြတာလဲလို့ မေးမြန်းသူတွေလည်း ရှိကြသလို အားပေးနှစ်သိမ့်သူတွေလည်း ရှိတာဖြစ်လို့ မီးမီးခဲကတော့သူ့ဖေ့စ်ဘုတ်က တဆင့် အဲဒီလို လူတွေအတွက်လည်း သတင်းစကား ပါးထားပါတယ်။ 

ကဲ… မီးမီးခဲ က ဘာတွေ ပြောထားလဲ ????? 


“လူတွေက ဖုန်းနဲ့ တမျိုး online နဲ့ရော အမျိုးမျိုး အားပေးနှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်! စိတ်ပူပေးကြတာကို လဲ ကျေးဇူးတင်ပါတယ်! 
မီး ဘဝက ဘားဘီ ရှိရင် အသက်ရှင်နိုင်ပါပြီ. 
မီဒီယာတွေက မေးကြတယ် 
ဘာကြောင့်ကွဲသွားရတာလဲတဲ့ 
သမီးလေး မျက်နှာငယ်မှာစိုးလို့  
သူကို သနားတဲ့စိတ်နဲ့!! 
နှုတ်ဆိတ်နေခဲ့ပါတယ် 
အချိန်က စကားပြော ပါလိမ့်မယ် 
ဘယ်လောက် နာကျင်အောင် လုပ်ရက်ခဲ့လဲဆိုတာ ပရိတ်သတ်တွေ သိလာပါလိမ့်မယ်!!
 အေးဆေးငြိမ်းချမ်းနေတယ် 
စိတ်ချမ်းသာပြီး ပျော်ရွှင်နေပါပြီ 
အားလုံးကိုကျေးဇူးတင်ပါတယ်နော်!! 
Thank You All 
God Bless You All!! 
with love ! 
MMK & Barbie 

ကဲအခုတလော နာမည်ကြီး အနုပညာရှင်တွေရဲ့ အိမ်ထောင်ရေး ပြိုကွဲမှုသတင်းတွေ ပရိသတ်တွေစိတ် ဝင်စားနေကြမှာပါ။ မကြာသေးခင်ကပဲ သရုပ်ဆောင် လင်းဇာနည်ဇော်က ခင်ပွန်းသည် ရဲကိုကိုနဲ့ အိမ်ထောင်ရေး ကွာရှင်း ပြတ်စဲဖို့ သတင်းစာထဲကနေ သမ္မာန်စာ ထုတ်ခဲ့ကြတာ အမှတ်ရမယ် ထင်ပါ တယ်။ 

အဲဒီအကြောင်းလည်း လင်းဇာနည်ဇော်နဲ့ ရဲကိုကို အိမ်ထောင်ရေး ကွာရှင်းခွင့် အမှု ဆိုပြီး ဧရာဝတီ က ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။  

Post By   ဧရာဝတီသတင်း

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

မန်ဘာဝင်ရန် လေးစားလျှက်

buttons=(Accept !) days=(20)

Our website uses cookies to enhance your experience. Learn More
Accept !