ကွန်ပျူတာမလိုပဲ Root ပြုလုပ်နိုင်တဲ့ Framroot & Vroot.apk ဆိုတဲ့ Apk

0


Android ဖုန်းတော်တော် များများ ကို (Not Every Android) ကွန်ပျူတာမလိုပဲ Root ပြုလုပ်နိုင်တဲ့
Framroot & Vroot.apk ဆိုတဲ့ Apk ဖိုလ် နှစ်မျိုးပါ။ ကွန်ပျူတာ မလိုပဲ ဖုန်းထဲမှာ ပင် Install
လုပ် Run ပြီး Restart ချပေးလိုက်ရုံနဲ့ အလွယ် တကူ Root ပြုလုပ်နိုင်ပါတယ်...။

အခြား Root ပြုလုပ်နည်းတွေ မြန်မာစာထည့်သွင်းနည်းတွေ လိုအပ်တဲ့ Keyboard တွေ အဆင်မပြေ
တာတွေကိုတော့ ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောက် ရှာဖွေနိုင်ပါတယ်...။

မည်သည့် Android ဖုန်းမဆို Root Access ရပြီဆိုတာနဲ့ မြန်မာစာ ထည့်သွင်းဖို့ လွယ်သွားပါပြီ.....။
(Root Access ဖြစ် မဖြစ် သိချင်ရင် “Root Checker” ကို Google PLAY store မှ ဒေါင်းယူ Install
ပြီး စစ်ဆေးနိုင်ပါတယ်)

မြန်မာစာ ထည့်သွင်းဖို့ မြန်မာကီးဘုတ် ထည့်သွင်းဖို့ ကတော့ မြန်မာ Developer တွေ ကြိုးစား
အားထုတ်ထားတဲ့ Zawgyi Installer တွေ တော်တော် များများရှိပါတယ်...။ ခုနောက်ပိုင်း အရမ်း
လွယ်လာတာကိုလည်း သတိထားမိပါတယ်...။

အောက်မှာ တင်ပေးလိုက်တဲ့ Link တွေကတဆင့် ဒေါင်းယူ Install လုပ်ပါ ညွှန်ကြားချက် အတိုင်း
ဆက်လုပ်ပါ။

တစ်မျိုးနဲ့ အဆင် မပြေရင် နောက် တစ်မျိုးနဲ့ ကြိုးစားကြဖို့ လုံးဝ မမေ့ပါနဲ့ ခင်မျာ...ကျနော် ဘာ
Software မှ မရေးတတ်ပါဘူး...ကိုယ့်လို လေ့လာနေသူတွေ ဘဝတူတွေ အတွက် အဆင်
ပြေအောင် မိမိသိထား ဖတ်ထားတာလေးတွေကို အများအတွက် ပြန်လည် မျှဝေပေးရုံ သက်
သက်ပါ...။

မေးတာကို ပြန်မဖြေဘူး ပြောနေသူတွေ အတွက် မေးထား တာတွေက ဒီ Blog ထဲမှာ ရှိပြီးသား
ရေးပြီးသားတွေကများပါတယ် ဒီဘလော့ဂ်လေးမှာ သေသေချာချာလေး ရှာပေးခြင်းဖြင့် ကျနော့
ကို ပြန်ကူညီကြဖို့ မေတ္တာရပ်ခံပါရစေ...။

ခုတင်ပေးလိုက်တဲ့ Android ဖုန်းတွေမှာ Root လုပ်နည်း မြန်မာစာ ထည့်သွင်းနည်း တွေကို ဖတ်
ပြီး ပြောတဲ့အတိုင်း နောက်ဆုံး ဘယ်လို ကြိုးစား ကြိုးစား မအောင်မြင် ဖြစ်နေရင်တော့ နီးစပ်ရာ
ဆိုင်ကိုသာ သွားလိုက်ကြဖို့ကိုဘဲ တိုက်တွန်း ပါရစေ။

(မရဘူးချည်းပဲပြောနေကြတာဟာ တကယ် စိတ်ပါ လက်ပါနဲ့ သေချာမကြိုးစားကြလို့ပါ)

မြန်မာစာ / ကီးဘုတ် ထည့်သွင်းနည်းကတော့...

Android Version 4.3 အတွက် မြန်မာစာနဲ့ မြန်မာစာ မမှန်တာ မျိုးတွေကို ကို Djjoe Man (MMF)
ရေးထားတဲ့ ဒီ Font Changer လေးကိုဒေါင်းယူပါ....။

Font Changer.APK လေးကို Phone ထဲမှာ Install လုပ်လိုက်ပါ... ပြီးရင် Install now ကို နှိပ်ပြီး
Super surequest တောင်းပါမယ်.. Grant နှိပ်ပေးလိုက်ပါ…ပြီးရင် Restart ကျပြီး..မြန်မာစာကို
မှန်ကန်စွာမြင်ရပါပြီ..။

နောက်ထပ်
Android Version 2xx , 4 xx နှင့် အထက် တွေမှာ မြန်မာစာ အဆင်မပြေ သေးဘူးဆိုရင် ဒီ ကို
ကျော်စွာသွင်ရေးထားတဲ့ Smat Zawgyi (or) Smat Zawgyi ကို ဒေါင်းယူပြီး ဖုန်းကို ကွန်ပျူတာနဲ့
ချိတ်ပါ (Driver ရှိရပါမယ် မရှိသေးရင် လိုအပ်တဲ့ USB Driver တွေကို ဒီနေရာမှာ ဒေါင်းယူပါ)

Smat Zawgyi ကို Zip ဖြည်ပြီး အထဲက .bat ဖိုင်လ်လေးကို Right Click > Run as admini
strator နဲ့ Run ပေးလိုက်တာနဲ့ အလိုလျောက် မြန်မာစာတွေ ထည့်သွင်းပေး သွားမှာဖြစ်ပါတယ်။

ခဏနေရင် ဖုန်းဟာ Restart ကျပြီး.... မြန်မာစာတွေ မှန်ကန်စွာ မြင်ရမှာပါ...။

MMSD Smart Zawgyi v1.5 ကတော့ Android version 1.6 ကနေ 4.4 အထိအသုံးပြုနိုင်ပြီး
Android 4.1 နဲ့ အထက်တွေမှာ အသုံးပြုမယ်ဆိုရင် အရင် ဇော်ဂျီထက် ပိုမို မှန်စေပါတယ်။

Apk ဖိုင်လ်လေးကို ဖုန်းထဲမှာပဲ Install လုပ် Run ပေးပြီး ညွှန်ကြားချက် အတိုင်း နှိပ်ပေးရုံပါပဲ။
မြန်မာ Developer ကိုဖြိုးချမ်း ရေးထားတာပါ။

Android Device တွေ အတွက် မြန်မာစာတွေ ရေး / ဖတ် နိုင်ဖို့ အတွက် မြန်မာ Keyboard
ကို ဒီနေရာမှ ဒေါင်းယူပါ...။

အားလုံးပြည့်စုံပြီလို့ ယူဆရပါတယ်..။

အဆင်ပြေကြ လိမ့်မယ် လို့လည်း မျှော်လင့် ပါတယ်ခင်မျာ...။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

မန်ဘာဝင်ရန် လေးစားလျှက်

buttons=(Accept !) days=(20)

Our website uses cookies to enhance your experience. Learn More
Accept !