Samsung Galaxy Mega 6.3 i9205 ကို Root လုပ်ခြင်း, မြန်မာစာထည့်သွင်းခြင်း

0
အရင်ဆုံး Root နဲ့ MM Font အတွက် လိုအပ်တဲ့ဖိုင်ကို
 

( ဒီမှာဒေါင်းပါ )
(သို့)
( ဒီလင့်မှာလဲ ဒေါင်းနိုင်ပါတယ် )


ဒေါင်းပြီးရင် ဇစ်ဖြည်လိုက်ပါ ဇစ်ဖြည်လို့ရလာတဲ့ ဖိုဒါထဲက..
 

Root Check Pro V1.2.1
Super SU V1.34
SAMUNGMMfont V1.0.1


ဆိုတဲ့ အဲ့ဒီ သုံးခုလုံးကို ဖုန်းမန်မိုရီကဒ်ထဲကို ထည့်ထားပေးပါ။

သင့်ဖုန်းကို PC နဲ့ချိတ်တဲ့အခါမှာ USB ကို PC ကသိဖို့ Samsung kies ကို PC မှာအင်စတောလုပ်ထားဖို့လိုပါတယ်  မရှိပါက ( ဒီမှာဒေါင်းပြီး ) အင်စတောလုပ်လိုက်ပါ..။
 

Samsung kies ကို PC မှာသွင်းပြီးပြီဆိုရင် သင့်ဖုန်းရဲ့USB debugging ကို အမှန်ခြစ်ပေးပြီး ကြိုးချိတ်ရပါမယ်။
အားလုံးပြီးပြီဆိုရင် ဖုန်းကိုပါဝါပိတ်လိုက်ပါ ။
ပြီးရင် Power + Home + Vol Down ခုလုတ်သုံးခုကိုဆွဲလျှက်ဖိထားပါ စာတွေပေါ်လာပြီဆိုရင်လွှတ်လိုက်ပါ အဲဒီမှာ Vol Up ခုလုတ်ကိုတစ်ချက်နှိပ်လိုက်ပါ ဖုန်းမှာ Downloading...... ဆိုပြီးပြနေပါလိမ့်မယ်...။ 




Download Mode  ဝင်နည်း  

ပြီးရင်ဖုန်းကို PC နဲ့ USB ကြိုးချိတ်ပေးလိုက်ပါ
PC မှာ ခုဏက ဇစ်ဖြေလိုက်တဲ့ ဖိုဒါထဲက Odin3 V3.07 ဆော့ဝဲကိုဖွင့်လိုက်ပါ ပုံထဲကအတိုင်း အပေါ်ဘယ်ဘက်ထောင့်က အကွက်သေးလေးထဲမှာ အရောင်လေးပြနေရပါမယ် ။ သင့်ဖုန်းကို PC ကသိနေပါပြီ..။

သေချာပြီဆိုရင် PDA ဆိုတဲ့နေရာမှာ အမှန်လေးခြစ်ပေးပြီး PDA ကိုနှိပ်လိုက်ပါ My Documents ဘောက်လေးထွက်လာပါမယ် ။

အဲဒီမှာ စောစောက ဇစ်ဖြေလိုက်တဲ့ဖိုဒါထဲသို့ သွားလိုက်ပါ အဲ့မှာ Galaxy Mega 6.3 i9205 boot.img ဆိုတဲ့ကောင်လေးကိုရွေးလိုက်ပါ Odin ထဲရောက်သွားပါပြီ ပြီးရင် Start ကိုနှိပ်လိုက်ပါ Odin က အလုပ်လုပ်နေပါလိမ့်မယ် ပြီးတာနဲ့အော်တို ပါဝါပြန်ပွင့်လာပါလိမ့်မယ် အားလုံးသေချာပွင့်ပြီးရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ ။
 

 """ ထိုတဲ့သို့နောက်တစ်ကြိမ် """ ဖုန်းကိုပါဝါပိတ် Downloading...... Mode ကိုဝင် Odin က PDA မှာ  အမှန်လေးခြစ်ပေးပြီး PDA ကိုနှိပ် Galaxy Mega 6.3 i9200 CWM ကိုရွေးပြီး  Start ကိုနှိပ်လိုက်ပါ ပြီးတာနဲ့အော်တို ပါဝါပြန်ဖွင့်လာပါလိမ့်မယ် အားလုံးသေချာပွင့်ပြီးရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ ။

ပြီးရင် သင့်ဖုန်းထဲက My File ထဲသွားပြီး သင့်မန်မိုရီကဒ်ထဲမှာထည့်ထားတဲ့ Super SU V1.34 ဆိုတဲ့ Apk လေးကို အင်စတောလုပ်ပေးလိုက်ပါ ။ Root Check Pro V1.2.1 ကိုလဲ အင်စတောလုပ်ပေးလိုက်ပါ ။
ပြီးရင်အပြင်မှာ Super SU အိုင်ကွန်လေးရောက်နေပါပြီ နှိပ်ဖွင့်လိုက်ပါ သူမေးတာ OK သာရွေးဖြေလိုက်ပါ ဖုန်းကို Restart ချဖို့ရန်စာပေါ်လာပါမယ် နှိပ်ပေးလိုက်ပါ ပိတ်ပြီးပြန်ပွင့်လာပါမယ် ။ Root ဖြစ်သွားပါပြီ ။

Root ဖြစ်မဖြစ် စစ်ဆေးနိုင်တဲ့ Root Check Pro အိုင်ကွန်ထဲကိုဝင်လိုက်ပါ စာမေးရင် Grant ဆိုတဲ့စာကိုသာ ရွေးပေးလိုက်ပါ ။ Root အောင်မြင်ကြောင်း စာအစိမ်းရောင်နဲ့ ပြနေပါလိမ့်မယ် ။
မပြလဲကိစ္စမရှိပါဘူး CWM ဝင်သွားပြီးတဲ့အတွက် မြန်မာဖောင့် ထည့်လို့ရပါတယ် မြန်မာဖောင့်ထည့်လိုက်ကြရအောင်...

×××××××


မြန်မာဖောင့်ထည့်နည်း
 

 ဖုန်းကိုပါဝါပိတ်ပါမယ် ။ ပြီးရင် Power + Home + Vol Up ခလုတ်သုံးခုကိုဆွဲလျှက်ဖိထားပါ အပေါ်နားမှာ စာတန်းအနီနဲ့ Samsung Logo ပေါ်လာပြီဆိုရင်လွတ်ပေးလိုက်ပါ ။
Recovery ဖြစ်တဲ့ စာတွေထဲရောက်သွားပါပြီ ။ 


 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

မန်ဘာဝင်ရန် လေးစားလျှက်

buttons=(Accept !) days=(20)

Our website uses cookies to enhance your experience. Learn More
Accept !