ဒီနေ့ကတော့ Dropbox ကုမ္ပဏီအတွက်အလုပ်ရှုပ်ဆုံးနေ့တွေထဲကတစ်ခုဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အသစ်ထွက်ရှိလာတဲ့ Application သစ် “Carousel” အတွက် Dropbox users သန်းပေါင်းများစွာရဲ့အကောင့်များကိုပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ရလို့ပါ။ ယခုတော့ Dropbox ရဲ့ application သစ်ဖြစ်တဲ့ Carousel ကို Android နဲ့ iOS Platform များအတွက်ထုတ်ဝေပေးလိုက်ပြီဖြစ်ပါတယ်။ Carousel လို့ခေါ်တဲ့ application သစ်ဟာ ကိုယ့်ဖုန်းရဲ့ ဖုန်းထဲမှာရိုက်လိုက်တဲ့ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကို Online မှာရော Offline မှာပါသိမ်းဆည်းပေးထားနိုင်မယ့် Gallery application သစ်တစ်ခုဖြစ်ပါတယ်။ Online Storage ကဏ္ဍမှာ ဈေးကွက်ဝေစုများစွာရရှိပြီးဖြစ်တဲ့ Dropbox ဟာ မနှစ်က Dropbox Online Storage ကဏ္ဍကနေ ဒေါ်လာသန်း ၁၀၀ ခန့်အမြတ်ငွေရရှိခဲ့တယ်လို့ဆိုပါတယ်။ Carousel ဆော့ဝဲရဲ့ features တွေအနေနဲ့ ဓာတ်ပုံများကို မူရင်းရုပ်ထွက် resolution အရည်သွေးအတိုင်း ဖုန်းအသုံးပြုသူအချင်းချင်း share နိုင်ခြင်း ၊ တစ်ဖက် ပုံလက်ခံမယ့်သူမှာ Dropbox အကောင့်မရှိလဲ Carousel ဆော့ဝဲမှတစ်ဆင့် ဓာတ်ပုံများ ၊ video များကို share နိုင်ခြင်း ၊ ဖုန်းနဲ့ရိုက်လိုက်တဲ့ ဓာတ်ပုံနဲ့ဗီဒီယိုများကို Carousel ဆော့ဝဲက ဖုန်းအသုံးပြုသူရဲ့ dropbox အကောင့်သို့တိုက်ရိုက် upload တင်ပေးခြင်းစတဲ့ features များကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Dropbox ကနေအသစ်ထုတ်ဝေလိုက်တဲ့ Carousel ဆော့ဝဲကိုတော့ အောက်က link များကနေရယူနိုင်ပြီဖြစ်ပါတယ်။