Samsung ဖုန်းများ THL Firmware ကိုမတင်ပဲ မြန်မာစာကို Browser မှလွဲ၍ ကျန်နေရာများတွင် THL Firmware တင်ထားသလိုမျိုးမှန်အောင်လုပ်မယ်

0
Samsung ဖုန်းများ THL Firmware ကိုမတင်ပဲ မြန်မာစာကို Browser မှလွဲ၍
ကျန်နေရာများတွင် THL Firmware တင်ထားသလိုမျိုးမှန်ပါမယ် ခင်ဗျား (“ရပင်း”တွေအထဲမဝင်တော့ဘူးပေါ့ခင်ဗျ)
Samsung ရဲ့ ZawgyiOne2008.ttf ကိုပဲသုံးပါတယ်ခင်ဗျ
ပထမဦးဆုံး ဖုန်းကို Root လုပ်ပါ ကျွန်တော် S4 9505 LTE နဲ့စမ်းထားပါတယ်ခင်ဗျ
ZawgyiOne2008.ttf ကို system/font ထဲထည့်ပါ Permission ချိန်းပါ
system/etc ထဲက fallback_fonts.xml နဲ့ fallback_fonts_sbrowser.xml ထဲတွင် ZawgyiOne2008.ttf ကို Declare လုပ်ပါ (Declare လုပ်ပုံလုပ်နည်းကိုမသိပါက ကျွန်တော်တင်ထားပေးသော zip ဖိုင်ထဲမှ fallback_fonts.xml ကို Notepad++ နဲ့ဖွင့်ကြည့်ပါ သဘောပေါက်မှာပါခင်ဗျ) xml နှစ်ခုလုံးကို
Permission ချိန်းပေးဖို့မမေ့ပါနဲ့ခင်ဗျ
ဖုန်းကို Restart လုပ်ပါ ပြန်တက်လာရင်
မြန်မာ keyboard တစ်ခုခုနဲ့ မြန်မာစာစမ်းကြည့်ပါ (“ကျော်” ဆိုပြီးရိုက်ကြည့်ပါ “ရပင်း” ကအထဲဝင်နေပါလိမ့်မယ်) ရပါပြီ မြန်မာစာကတော့မြင်ရပါပြီ ဆက်ရအောင်ပါ

system/csc/ ထဲက others.xml ကို
RootExplorer သုံးပြီးတော့ Open in text editor ဆိုပြီးဖွင့်ပါ ဒီနေရာမှာအထူးသတိထားပါခင်ဗျ
TRUE
ဆိုတဲ့စာကြောင်းကိုစာလုံးပေါင်းလုံးဝမမှားစေပဲနဲ့ Declare လုပ်ပေးပါ
ဖုန်းမှ menu ခလုတ်ကိုနှိပ်ပြီး Save and Exit လုပ်ပေးပါ Permission ချိန်းပြီးကြောင်းသေချာအောင်ထပ်စစ်ပါ ဖုန်းကို Restart လုပ်ပါ ပြန်တက်လာရင် မြန်မာစာ “ကျော်” ဆိုပြီးစမ်းရိုက်ကြည့်ပါ
အဆင်ပြေပါပြီခင်ဗျား
(RootExplorer သုံးပြီး Declare မလုပ်တတ်ရင် ကျွန်တော်ပေးထားသော zip ဖိုင်ထဲမှသက်ဆိုင်ရာဖိုင်များကို သူ့နေရာနဲ့သူကူးထည့်ပြီး Permission ချိန်းပေးပါခင်ဗျ ကျွန်တော့် zip ဖိုင်က S4 9505 LTE ကိုစမ်းထားတာပါခင်ဗျ)(တစ်ခြား Samsung ဖုန်းတွေကိုစမ်းချင်ရင်လည်းမိမိဖုန်းထဲကသက်ဆိုင်ရာ xml ဖိုင်တွေကို PC ပေါ်ကူးပြီး Notepad++ နဲ့ Declare လုပ်ပြီး Save ပါ Save ပြီးသား xml ဖိုင်တွေကိုသူ့နေရာသူပြန်ကူးထည့်ပါ Permission ချိန်းပေးပါ) https://www.dropbox.com/s/qtaw8gudoamc3cp/MyanmarSetting-APN-SamsungZawgyi%209505%204.3.rar
“Do at your own risk”
Post by ဘိုဘိုစံ

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

မန်ဘာဝင်ရန် လေးစားလျှက်

buttons=(Accept !) days=(20)

Our website uses cookies to enhance your experience. Learn More
Accept !